
လူတိုင်း အလုပ်လုပ်ကြရပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီ ဖြစ်စေ၊ အုပ်စုလိုက် ပူးပေါင်း၍ ဖြစ်စေ ကျနော်တို့ အလုပ်လုပ ကြရပါတယ်။ တစ်ဦးတည်း ကိုယ်ပိုင်သီးသန့် အလုပ်လုပ်သူတွေနဲ့ အများပူးပေါင်းလုပ်သူတွေ အကြားမှာ ကောင်းတာတွေရှိသလို ဆိုးတဲ့ အကျိုးသက်ရောက်မှုတွေလည်း ရှိပါတယ်။
ပညာရေးပိုင်းမှာ သော်လည်းကောင်း၊ စီးပွားရေးပိုင်းမှာ သော်လည်းကောင်း၊ မည်သည့်အပိုင်းတွင် ဖြစ်စေ တစ်ဦးချင်း တစ်ယောက်ချင်းထက် အများပူးပေါင်းဆောင်ရွက်ခြင်းက ပိုအကျိုးရှိစေပါတယ်။ စည်းလုံးခြင်းသည်အင်အား၊ တစ်ယောက်အားနဲ့ ယူသော်မရ တစ်သောင်းအားနှင့်ယူသော်ရ၏ဟူသော စကားပုံတို့မှာ ပူးပေါင်း ဆောင်ရွက်ခြင်း၏ အကျိုးကိုဖော်ပြသည့် စကားပုံများပင်ဖြစ်ပေသည်။ အထူးသဖြင့် ယခုလို ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးမှာ အားလုံးအကျိုးတူ ပူးပေါင်းဆောင်ရွက်ကြခြင်းရဲ့ ရလဒ်က ကမ္ဘာကြီးကို ပိုမို အကျိုးဖြစ်ထွန်းစေပါလိမ့်မယ်။
လုပ်ငန်းခွင်မှာ ကျနော်တို့ လူငယ်တွေဟာ အဖွဲ့အစည်းစိတ်ဓါတ်နဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ စွမ်းရည်ဆိုတာတွေ လိုပါတယ်။ စီးပွားရေးလုပ်ငန်းမှာ Team စိတ်ဓါတ်အပြည့်အ၀ရှိပါက တစ်ယောက်တည်းလုပ်ရမယ့် အလုပ်တွေမှာ အားလုံးပူးပေါင်းလုပ်ဆောင်ခြင်းက အချိန်တိုတိုနဲ့ အောင်မြင်မှုရနိုင်ကြောင်းကို ကျနော်တို့သိပြီးဖြစ်ပါတယ်။ လူငယ်တွေက ပညာတော်ပြီး ထက်မြက်နေကြသော်လည်း ခြင်းခတ်ခြင်း၊ ဘောလုံးကစားခြင်းတို့မှာ အဓိကကြတဲ့ အပေးအယူမျှတခြင်းဆိုတဲ့ အဖွဲ့လိုက်စိတ်ဓါတ်မရှိရင် ပိုမိုတိုးတက်ဖြစ်ထွန်းလာနိုင်မှာ မဟုတ်ပါဘူး။ မိမိတစ်ဦးတည်းအတွက် ကောင်းမွန်သော်ငြားလည်း ရေရှည်တိုးတက်သည်ထက် တိုးတက်လာနိုင်စွမ်း၊ တိုးတက်နိုင်သည့်အခြေအနေများ တန့်နေနိုင်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ အလုပ်ပြီးမြောက်မှုသည်လည်း နှေးကွေးနေနိုင်ပါတယ်။
အားလုံးပူးပေါင်းလုပ်ကြမယ် .. ရလာတဲ့အောင်မြင်မှုကတော့ ငါတစ်ယောက်တည်းအတွက်ပဲ... ဆိုတဲ့ စိတ်ဓါတ်၊
ပူးပေါင်းလုပ်ကိုင်စရာမလို.. အရာရာကို ငါတစ်ယောက်တည်း လုပ်နိုင်တယ် ဆိုတဲ့ စိတ်ဓါတ်။ တကယ်တော့ ဒီလိုစိတ်ဓါတ်မျိုးဆိုတာ လုပ်ငန်းခွင်အတွင်းက လူငယ်တစ်ယောက်မှာ မရှိသင့်တဲ့ စိတ်ဓါတ်မျိုးတွေပါ။ အလုပ်ပြီးမြောက်ဖို့ အရေးကြီးဆုံးဖြစ်နေတဲ့အချိန်တွေမှာ Team စိတ်ဓါတ်ဟာ သိသာလှပါတယ်။
ကျနော်တို့ အတူတကွ အလုပ်လုပ်ကြရင်.. ကျနော်တို့ အတူတူ အနိုင်ရမှာပဲ။ အားလုံးအတူတကွ ပျော်ပျော်ရွှင်ရွှင် အောင်မြင်ကြမှာပါပဲ။ ဒါကြောင့် ကျနော်တို့ လူငယ်တွေ ပူးပေါင်းဆောင်ရွက်ခြင်းဆိုတဲ့ Team စိတ်ဓါတ်အပြည့်ရှိဖို့လိုအပ်လှပါတယ်။ ကျနော်တို့အာလုံး အတူတကွ မလုပ်ဆောင်နိုင်ကြဘူးလား ... ။
ဆောင်းချမ်းမိုး
(လုပ်ငန်းခွင်မှ ရရှိခဲ့သော အတွေ့အကြုံနှင့် အတွေးအမြင်တစ်ခုသာ...)
