Tuesday, December 15, 2009

ပြယ်လွင့်ခြင်း

အဆိပ်တွေသင့်သွားခဲ့တာပေါ့။

လှည့်မကြည့်ကြေး
ဘယ်လိုဖြစ်ဖြစ်
ငါတို့ လှည့်မကြည့်ကြေး။

ငါ့အတွေး ငါ့စိတ်တွေက
မင်းအရိပ် မင်းအသံနဲ့ပဲ
ခရီးသွားခဲ့တယ်။

မင်းခြေလှမ်း မင်းယုံကြည်ချက်တွေက
ငါနဲ့ ဝေးရာကိုပဲ..။

တစ်..ပြန်လှည့်မကြည့်ပါနဲ့
နှစ်.. ပြန်လှည့်မကြည့်ပါနဲ့
သုံး.....ပြန်လှည့်မကြည့်ပါနဲ့။

တစ်လှမ်း.. ငါတို့ဝေးပြီ။
နောက်တလှမ်း.. ငါတို့ ဝေးပါပြီ။
နောက်တလှမ်း.. ငါတို့ ဝေးခဲ့ပြီ.
တကယ်ပါပဲ..
ငါတို့ ဝေးသွားခဲ့ကြပြီ။

ဆောင်းချမ်းမိုး