Wednesday, May 19, 2010

ကိုယ့်ကိုယ်ကို ချစ်တဲ့စိတ်နဲ့ပဲ

အမှောင်ကျနေတဲ့ အခန်းငယ်တစ်ခုမှာ
ခင်ဗျားဟာ
တစ်ယောက်တည်း
်ရှိနေခဲ့တယ်။

ခင်ဗျားရဲ့ အသက်ရှုသံတွေကလည်း
တိတ်ဆိတ်မှုကို ထိုးခွဲလို့...
ခင်ဗျားရဲ့ လက်တွေကလည်း
နူးညံ့ပျော့ဖတ်လို့.....။

ခင်ဗျားရဲ့ ဆံပင်တွေ
ရှည်လျားနေပြီလား...
ခင်ဗျားမှာ နှုတ်ခမ်းမွေးတွေ
မုတ်ဆိတ်မွေးတွေရော ရှည်လျားနေပြီလား..။

ခင်ဗျားဟာ အစားအသောက်ခုံမင်သူတစ်ယောက်
မဟုတ်ဘူး။

အင်း ..
မဟုတ်သေးဘူး
ခင်ဗျားအခန်းထဲမှာ ပုလင်းခွံတွေတော့ ပြန့်ကျဲနေလိမ့်မယ်။

အချိန်တွေကို
တန်ဖိုးထားလေးစားခဲ့တဲ့
လူတစ်ယောက်က
အခု
အချိန်တွေကို အားရပါးရ စားသုံးနေခဲ့ပြီပေါ့..

သေချာတယ်
ကိုယ်ကိုယ်ကိုချစ်တဲ့စိတ်နဲ့ပဲ
ခင်ဗျားကို ကယ်တင်နိုင်မဲ့သူတစ်ယောက်ကိုလည်း
ခင်ဗျားမျှော်နေလိမ့်မယ်..။
အဲဒီလူ ဘယ်သူဆိုတာလဲ
ခင်ဗျားသိတယ်..။

ခင်ဗျား.. မျှော်ပါ...။
မျှော်လင့်ရင်းနဲ့ ကုစားပါ..။
ခင်ဗျားကိုယ် ခင်ဗျား ပြန်လည်တည်ဆောက်နိုင်အောင်...
ခင်ဗျားကိုယ် ခင်ဗျား... ကျန်းမာလာအောင်ပေါ့...

ဒါမှမဟုတ်လည်း
ပုပ်အဲ့နံပွနေတဲ့ စိတ်ဓါတ်တွေကို
ခြေရာလက်ရာဖျောက်ပြီး
အဆုံးသတ်ပစ်လိုက်ပါ..

ခင်ဗျားဟာ
ခင်ဗျားကိုယ်ခင်ဗျား
ကောင်းကောင်းကြီးကယ်တင်နိုင်တဲ့
လူတစ်ယောက်ပါ။



ဆောင်းချမ်းမိုး