အရင်တုန်းက
ကျွန်တော်က
မိသားစုမှာ
ကြမ်းခင်းလေးတစ်ချောင်း...
အခု
ကျွန်တော်က
မိသားစုတစ်ခုလုံးရဲ့
ဒေါက်တိုင် ...။
အရင်က
ကျွန်တော်အားကိုးနဲ့
အမေက
အဖေ့ကို ပုန်ကန်တယ်။
အခု
ကျွန်တော်ကြောင့်
အမေနဲ့အဖေရဲ့ စစ်ပွဲတွေလည်း
ငြိမ်းချမ်းရေးရသွားခဲ့ကြပြီ။
အရင်က
ကျွန်တော်ပျော်ရင်
မိသားစုတစ်ခုလုံး
ပျော်တယ်...။
အခု
မိသားစုတွေပျော်နေရင်..
ကျွန်တော်အလိုလို
ကြည်နူးခဲ့ရတယ်...။
လိုအပ်ချက်တွေနောက်ကို
လိုချင်မှုတွေနဲ့ လိုက်ရင်း
ကျနော်ဟာ
မိသားစုနဲ့
ခုချိန်ထိ ဝေးတုန်း။
ရွှေအိုးတွေ မထမ်းနိုင်ပေမယ့်
တံဆိပ်တွေ ချိတ်ပြန်နိုင်ခဲ့ဖို့
ခုချိန်ထိ
ကြိုးစားနေတုန်း။
မိသားစုဆိုတာ
ကျွန်တော့်အတွက်
အမြဲတမ်း တံခါးဖွင့်ထားတဲ့
နွေးထွေးမှု ကောင်းကင်...။
ကျနော်ဆိုတာ
မိသားစုအတွက်
အစွမ်းနိုင်ဆုံးလင်းလက်ခဲ့တဲ့
ကြယ်လေးတစ်စင်း
ကျွန်တော်
အဲဒီလို...
ခံယူခဲ့ပါတယ်...။
ဆောင်းချမ်းမိုး
